The Sawlai Library

Last updated on 17/Aug/2025

Sawlai Library သည် လူငယ်လူရွယ်တို့ စာဖတ်အား မြှင့်တင်ပေးနိုင်ရန် နှင့် စာအုပ်ပေါင်းစုံများကို တစ်နေရာတည်း ကြည့်ရှု၊ တိုက်ရိုက်ဖတ်နိုင်အောင် တည်ဆောက်ထားသော စာကြည့်တိုက်ဖြစ်ပါသည်။

အက်ပလီကေးရှင်းအတွင်း ဘဝတိုးတက်ရေး၊ စီးပွားရေးစာအုပ်ကောင်းများ၊ အသက်မွေးဝမ်းကြောင်း နှင့် ကျွမ်းကျင်မှုဆိုင်ရာ စာအုပ်များ၊ အသိဉာဏ်ရည်တုဆိုင်ရာ နည်းပညာပညာရပ်များအပြင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုများ၏ စာအုပ်စာပေများလည်း လေ့လာနိုင်ရန် နှင့် နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားသောစာအုပ်ကောင်းများ၊ ဆောင်းပါးများကို တစ်နေရာတည်း အွန်လိုင်းဖြင့်တိုက်ရိုက် ရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက်များ

    • စာအုပ်ကောင်းများကို ဘယ်နေရာ ဒေသမဆို လွယ်ကူစွာ တစ်နေရာတည်း တိုက်ရိုက်ဖတ်ရှု အသိဉာဏ်တိုးပွားလာနိုင်စေရန်
    • မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ စာပေ စာအုပ်ကောင်းများကို လူတိုင်းဖတ်ရှု ထိန်းသိမ်းနိုင်စေရန်
    • အထူးစိတ်အားထက်သန်သော စာရေးဆရာသစ်လောင်းများအတွက် စာအုပ်အသစ်များကို စာပေချစ်သူတိုင်းအတွင် ဖတ်ရှုနိုင်စေရန် ရည်ရွယ်ချက်များကြောင့် ဖန်တီးထားပါသည်။

မူပိုင်ခွင့်ဆိုင်ရာပယ်ဖျတ်နိုင်ခြင်း

အက်ပလီကေးရှင်းအသုံးပြုသူများ၊ စာရေးဆရာများ နှင့် စာအုပ်များဖန်တီးတင်ပေးသော ဝက်ဆိုဒ် ချန်နယ်များအား အထူးကျေးဇူးတင်ပါသည်။ အွန်လိုင်းပလက်ဖောင်းများတွင် ပျံ့ကျဲနေသော စာအုပ်ကောင်းများကို စာဖတ်ချစ်သူများ တစ်နေရာတည်း ဖတ်ရှုနိုင်ရန် သိုလှောင်သိမ်းဆည်းထားသော စာအုပ်များအား စာရေးဆရာ၊ မူပိုင်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပယ်ဖျတ်နိုင်စေရန် မူပိုင်ခွင့်ပေးထားပါသည်။ သို့သော် ထိုစာအုပ်ကောင်းများသည် အခြားပလက်ဖောင်းများတွင် ဆက်လက်ရှိနေမည်မှာ သတိချပ်စေချင်ပါသည်။ မူပိုင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအတွက် တယ်လီဂရမ် မှတဆင့် စာတိုပေးပို့ ပယ်ဖျတ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကြေငြာများအသုံးပြုခြင်း

စာပေချစ်သူတိုင်းအတွက် အဆင်ပြေဆုံးသော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန် အစောပိုင်းဗားရှင်းများတွင် ကြေငြာအသုံးပြုခြင်း မရှိသော်လည်း စာအုပ်များသိုလှောင်မှုအတွက် Google Drive - 2TB အား လစဉ်ကြေးပေးဆောင်ပြီး စာအုပ်သိမ်းဆည်းခြင်း နှင့် Server Hosting site အားနှစ်စဉ်ကြေးပေးဆောင်ပြီး အသုံးပြုရခြင်းများကြောင့် အွန်လိုင်းတိုက်ရိုက်ဖတ်ခြင်းနှင့် ဒေါင်းယူသောနေရာ အချို့အစိတ်အပိုင်းများတွင်သာ ကြေငြာများအသုံးပြုရခြင်းဖြစ်ပြီး နောက်ဗားရှင်းများတွင် ကြေငြာများ လျှော့ချသွားပါမည်။

စာအုပ်များကူးယူဖော်ပြခြင်း

အင်တာနက်ပေါ်မှ စာဖတ်ချစ်သူများအတွက် ဖန်တီး ဖော်ပြတင်ပေးထားကြသော စာအုပ်များကို စာဖတ်ချစ်သူများဖတ်နိုင်စေရန် အခြားပလက်ဖောင်းများမှ ကူးယူဖော်ပြထားပြီး စာအုပ်အများစုကို အောက်တွင် ဖော်ပြထားသော ဝက်ဆိုဒ်၊ ချန်နယ်များမှ ရယူထားပါသည်။

  • https://www.mmbookdownload.com
  • https://mbookshelf.naingdroidapps.com
  • https://t.me/booksforyou1986
  • https://t.me/black_white_Library

စာဖတ်သူများအားပန်ကြားချက်

စာဖတ်ချစ်သူများအား အထူးပန်ကြားလိုသည်မှာ စာအုပ်ကောင်းများအား ကြိုက်နှစ်သက်၍ စာရေးဆရာများအား ဆက်လက်ရပ်တည်အသိအမှတ်ပြုနိုင်ရန် လက်လှမ်းမီပါက မူရင်းစာအုပ်သာ ဝယ်ယူအားပေးပါ။

အချုပ်အားဖြင့် စာဖတ်ချစ်သူများအဖို့ အသုံးပြုရလွယ်ကူကာ စာအုပ်ပေါင်းများအား တစ်နေရာတည်း တိုက်ရိုက်ဖတ်ရှုလိုသူ သူငယ်ချင်းများအသစ်များအား ဖိတ်ခေါ် ရန်တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။ စာအုပ်များနှင့် အက်ပလီကေးရှင်းအား ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းသွားပါမည်။